Previous Next

Itinerary for Customers

Day 1 Arrival Krabi Airport (-/-/D)
Krabi လေဆိပ်သို့ ရောက်ရှိပြီး ဒေသခံ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်တွင် Check-in ၀င်ပါမည်။ ညနေစာသုံးဆောင်ရန် စားသောကဆိုင်သို့ သွားရောက်ပြီး ဟိုတယ်သို့ ပြန်လည်ထွက်ခွာပါမည်။
ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 2 Krabi 4 Island By Speed Boat (B/L/D)
07.00 မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်
08.00 ဟိုတယ်သို့ လာရောက်ကြိုဆိုမည်ဖြစ်ပြီး jetty သို့ ပို့ ဆောင်ပေးပါမည်
09.00 Krabi ကျွန်း (၄) ကျွန်းခရီးစဉ်ကို speed boat ဖြင့် စတင်ထွက်ခွာပါမည်။ ကျွန်း(၄)ကျွန်း ဖြစ်သော
** 1st Stop Pranang Beach - ကျွန်းဆွယ်လေးတစ်ခုဖြစ်တဲ့ Pranang Beach သို့ ပထမဦးစွာ သွားရောက်လည်ပတ် ပါမည်။ ထိုမှတဆင့် တန်ဆာဆင်ထားသော နတ်နန်းများတည်ရှိသည့် မင်းသမီးဂူ Princess Cave သို့ လမ်းလျှောက် လည်ပတ်ပါမည်။ Pranang ကမ်းခြေတွင် ရေကူးခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်းများလည်း ခဏတာပြုလုပ်နိုင်ပါသည်။
** 2nd Stop Tup Island - ထူးခြားဆန်းပြားသော အပူပိုင်းဇုံကျွန်းတစ်ခုဖြစ်သည့် Tup Island သို့ သွားရောက်ပြီး snorkeling ရေငုပ်ခြင်း များပြုလုပ်နိုင်ပြီး အနီးတ၀ိုက်ကျွန်းများသို့ လည်းသွားရောက် လည်ပတ်နိုင်ပါသည်။
** 3rd Stop Chicken Island – Krabi ၏ အထင်ကနေရာတစ်ခုဖြစ်တဲ့ ကြက်ပုံသဏ္ဍာန် သဘာဝကျောက်ဆောင်များ ဖြစ်တည်နေသော Chicken Island သို့ သွားရောက်ပြီး snorkeling ပြုလုပ်ကြပါမည်။
** 4th Stop Poda Island - နောက်ဆုံးအနေဖြင့် အန်ဒမန်ပင်လယ်ထဲတွင် တည်ရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်သော Poda Island သို့ သွားရောက်လည်ပတ်ပါမည်။
14.00 ထို့ နောက် Jetty သို့ ပြန်လည်ထွက်ခွာပြီး ဟိုတယ်သို့ ပို့ ဆောင်ပေးပါမည်။
18.00 ညနေပိုင်းတွင် ညစာသုံးဆောင်ရန်စားသောက်ဆိုင်သို့ ထွက်ခွာပါမည်။
ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 Jungle Tour / Hot Spring / Crystal Pool (B/L/D)
08.00 ဟိုတယ်တွင် မနက်စာသုံးဆောင်ပါမည်
09.00 ဟိုတယ် lobby တွင် လာရောက်ကြိုဆိုမည်ဖြစ်ပြီး Day 3 ရဲ့  တစ်နေ့ တာ Jungle Tour ခရီးစဉ်စတင်ရန် ထွက်ခွာပါမည်။
10.00 ပထမဦးစွာ အပူချိန် ၄၀-၅၀ ဒီဂရီရှိသည့် ရေပူစမ်း သို့ သွားရောက်လည်ပတ်ပါမည်။ spa system နှင့် အနားယူခြင်း များပြုလုပ်နိုင်သည့် ရေပူကန်များလည်းတည်ရှိပါသည်။
12.00 နေ့ လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။
14.00 ထို့ နောက် တောလမ်းထဲသို့ လမ်းလျှောက်တောင်တက်ပြီး မြရေကန် Emerald Pond သို့ ဆက်လက်သွားရောက် ပါမည်။
17.00 ညနေစာသုံးဆောင်ရန် စားသောက်ဆိုင်သို့ သွားရောက်လည်ပတ်ပါမည်။
ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 Krabi – Departure (B/-/-)
08.00 မနက်စာကို ဟိုတယ်တွင်သုံးဆောင်ပါမည်။
10.00 ဟိုတယ်မှ check-out ထွက်ပြီးနောက် Krabi လေဆိပ်သို့ ပို့ ဆောင်ပါမည်။

***ပျော်ရွှင်ဖွယ် ခရီးစဉ်ပြီးဆုံးပါပြီ***

Remark for Customers

*** Note
- ခရီးသည်၏ Passport သက်တမ်းသည် ၆ လ ထက်မနည်းသော သက်တမ်းရှိရပါသည် ။
- လေယာဉ်လက်မှတ်ဈေးနှူန်းအတက်အကျရှိပါသဖြင့်ခရီးစဉ်၏စရိတ် အတိုး အလျှော့ အပြောင်းအလဲ ရှိနိုင်ပါသည် ။
- ခရီးစဉ်အစမှအဆုံးအတွင်း ဧည့်သည်မှမိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှုရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာသော ပြသနာများသည် ခရီးသည်ကိုယ်တိုင်နှင့်သာသက်ဆိုင်သော တာဝန်သာဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

Package Policy

Booking Policy
- ဧည့်သည်၏ ခရီးစဉ် စုံစမ်းမေးမြန်းမှုကို ရရှိပြီးသည်နှင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။
- စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူစေရန် Passport Copy နှင့်အတူ စရံငွေပေးသွင်းရန် လိုအပ်ပါသည် ။
- ခရီးစဉ်မစခင် အနည်းဆုံး ၃ ပတ်အလို အများဆုံး ၁လ အလိုတွင် ငွေအပြည့်ပေးချေခြင်း ပြုလုပ်စေလိုပါသည် ။

Confirmation Policy
- ခရီးစဉ်၏ စရံငွေပေးသွင်းပြီးမှသာ ခရီးစဉ်တွင် လိုက်ပါရန် Confirmed စာရင်းသွင်းမည် ဖြစ်ပါသည်။
- ခရီးသည်၏စရံငွေပေးသွင်းပြီးပါကလေယာဉ်လက်မှတ်ထုတ်ပြီးသည်ဟုမှတ်ယူရပါမည် ။ ခရီးသည်မှ လိုက်ပါမည့်သူ ပြောင်းလဲလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်း၏ ကျသင့်ငွေ ကောက်ခံမှုကို ခရီးသည်မှ ပေးချေရမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
- ခရီးစဉ်၏ ပထမဆုံးနေ့တွင် Wings & Wheels Travel & Tours မှ တာဝန်ရှိသူတစ်ဦးမှ ဧည့်သည်တော်များအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လေဆိပ်တွင် လာရောက်စောင့်ဆိုင်းပေးမည်ဖြစ်ပါသည်။

Payment Policy
- ဧည့်သည်၏ သဘောတူညီမှုရရှိပြီးနောက် Tour Confirmed ဖြစ်သည်နှင့် ခရီးစဉ်၏ ၅၀% ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာကိစ္စများ လုပ်ဆောင်ပြီးစီးသည်နှင့် ဗီဇာကျပြီးနောက်တွင် ခရီးစဉ်၏ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာမလိုသည့် နိုင်ငံခရီးစဉ်များအတွက် ခရီးမထွက်ခင် ၃ ပတ်အလိုတွင် ကျန်ငွေ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။

Child Policy
- မွေးကင်းစ ကလေးငယ် ( အသက် ၂ နှစ်အောက် ) : လူကြီး၏ ၃၀%
- အိပ်ယာ အပိုမယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၂ နှစ်ကြား ) : လူကြီး၏ ၇၀%
- အိပ်ယာ အပိုယူမည့် ကလေးငယ် ( အသက် ၂ နှစ်မှ ၁၁ နှစ်ကြား ) : လူကြီး၏ ၉၀%
- လူကြီးတစ်ယောက်နှင့် တစ်ခန်းယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၁နှစ်ကြား ): လူကြီး၏ ၁၀၀%
- အသက် ၁၁နှစ်အထက် ကလေး : လူကြီးဈေး၏ ၁၀၀%

Cancellation Policy
- ဗီဇာ မလျှောက်ထားမီ နှင့် လေယာဉ်လက်မှတ် မထုတ်မီ Cancel ပြုလုပ်လိုပါက - ဒေါ်လာ ၁၅၀ မှ ၂၀၀ အတွင်း (ခရီးစဉ်ပေါ် မူတည်၍)
- ဗီဇာလျှောက်ထားပြီးနှင့် ဗီဇာကျပြီး ရရှိပြီးမှ Cancel ပြုလုပ်လိုပါက - ခရီးစဉ်၏ ၅၀% ( ခရီးမထွက်ခင် နှစ်လအလို )

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
• ဟိုတယ်တွင် (၃) ညတာတည်းခိုခြင်း
• ခရီးစဉ်တွင် ဖော်ပြထားသော မနက်စာ/နေ့ လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် Tour Coach A/C ကားများ
• ခရီးစဉ်တွင် ဖော်ပြထားသော ၀န်ဆောင်မှုများ
• Local guide နှင့် driver အတွက် Tips Money များ
• ရေသန့် / တာဝါ

(၄ညအိပ်/၃ရက်) ကရာဘီကျွန်းခရီးစဉ်

634,950.00 K
Member Price
0.00 K
634950.0 MMK