Previous Next

Itinerary for Customers

Day 1 Arrival – Chiang Mai City Tour
ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒေသခံဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပါမည်။
ထို့ နောက် ချင်းမိုင်၏ အထင်ကရ ဆုတောင်းပြည့် တောင်ပေါ်ဘုရားဖြစ်သည့် Doi Suthep သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ဘုရားပေါ်မှ လှပသော ချင်းမိုင်မြို့ ၏အလှကို ကြည့်ရှူ့ ခံးစားနိုင်ပါသည်။ ထို့ နောက် ညစာနေစာကို ထိုင်းနိုင်ငံရိုးရာအကများဖြင့် ဖော်ဖြေကပြတင်ဆက်မှုများနှင့် တည်ခင်းဧည့်ခံပါမည်။
ချင်းမိုင်မြို့ ရှိ ဟိုတယ်တွင် Check-in ၀င်ပြီးနောက် အိပ်စက်အနားယူပါမည်။

Day 2 Chiang Mai – Elephant Camp – Hill Tribe Village – Chiang Rai

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ထွက်ပြီးနောက် ဆင်စခန်း Mae-Sa Elephant Camp သို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး ဆင်လေးများရဲ့ ကပြဖော်ပြမှုများလဲ တွေ့ မြင်နိုင်ပါသည်။ ထို့ နောက် လားဟူ၊ ပဒေါင်၊ ပလောင်၊ အခါ စသည့်လူမျိုးများ၏ လူနေမှုဘ၀နေထိုင်ပုံများကို လေ့လာနိုင်မည့် တောင်ပေါ်လူမျိုးစုရွာဖြစ်သည့် Baan Tong Luang Hill Tribe Village သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို လူမျိုးများ၏ သဘာဝပင်ကိုယ်စွမ်းရည်များဖြင့် ကြိုးစားလုပ်ကိုင်နေကြသောနေ့ စဉ်တောင်ယာစိုက်ပျိုးရေးအလုပ်များ ကိုလည်း အံသြဖွယ်တွေ့ မြင်နိုင်ပါသည်။ အရောင်အသွေးစုံစုံနှင့် လိပ်ပြာများနှင့် သစ်ခွစိုက်ခင်းတွင် အလှဓာတ်ပုံများရိုက်ကူးကြပါမည်။ ဆက်လက်၍ ချင်းရိုင်သို့ ထွက်ခွာမည်ဖြစ်ပြီး လမ်းတွင် ရေပူစမ်းသို့ ဝင်ရောက်လည်ပတ်ပါမည်။ ဟိုတယ် Check-in စားသောက်ဆိုင်တွင် ညနေစာသုံးဆောင်ပါမည်။ ချင်းမိုင် Night Bazaar တွင် လွတ်လပ်စွာဈေးဝယ်ထွက်ပြီးနောက် ဟိုတယ်တွင်အိပ်စက်အနားယူ၏ ပါမည်။

Day 3 Chiang Rai – Chiang Mai
မနက်စာသုံးဆောင်ပြီးနောက် လာအို၊ မြန်မာ နှင့် ထိုင်းနိုင်ငံ သုံးနိုင်ငံဆုံရာ ရွှေတြိဂံနယ်မြေသို့ သွားရောက်လည်ပတ်ပါမည်။ ထို့ နောက် မဲခေါင်မြစ်တစ်လျှောက် လှေစီးရင်း ပျော်ရွှင်စွာ အလှအပများကြည့်ရူခံစားနိုင်ပါသည်။ နေ့ လည်စာကို စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ပြီးနောက် ချင်းမိုင်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး အချိန်ရလျှင် ကျောင်းဖြူတော် White Temple လို့ နာမည်ကျော်ကြားသော Wat Rong Khun သို့ သွားရောက်လည်ပတ်ပါမည်။ ချင်းမိုင်ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 Chiang Mai – Departure
မနက်စာသုံးဆောင်ပြီးနောက် အလွန်လှပသာယာသည့် သစ်ပင်နှင့် ပန်းမျိုးစိတ်ပေါင်း ထောင်ကျော်တွေ့ မြင်နိုင်သည့် ချင်းမိုင်၏ Royal Flora Ratchaphruek သို့ သွားရောက်လည်ပတ်ပြီးနောက် ဟိုတယ်မှ Check-out ထွက်ပါမည်။ ထို့ နောက် မိမိတို့ ၏ home sweet home သို့ ပြန်ရန် ချင်းမိုင်လေဆိပ်သို့ ပို့ ဆောင်ပေးပါမည်။
***ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါပြီ***

Remark for Customers

*** Note
- ခရီးသည်၏ Passport သက်တမ်းသည် ၆ လ ထက်မနည်းသော သက်တမ်းရှိရပါသည် ။
- လေယာဉ်လက်မှတ်ဈေးနှူန်းအတက်အကျရှိပါသဖြင့်ခရီးစဉ်၏စရိတ် အတိုး အလျှော့ အပြောင်းအလဲ ရှိနိုင်ပါသည် ။
- ခရီးစဉ်အစမှအဆုံးအတွင်း ဧည့်သည်မှမိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှုရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာသော ပြသနာများသည် ခရီးသည်ကိုယ်တိုင်နှင့်သာသက်ဆိုင်သော တာဝန်သာဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

Package Policy

Booking Policy
- ဧည့်သည်၏ ခရီးစဉ် စုံစမ်းမေးမြန်းမှုကို ရရှိပြီးသည်နှင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။
- စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူစေရန် Passport Copy နှင့်အတူ စရံငွေပေးသွင်းရန် လိုအပ်ပါသည် ။
- ခရီးစဉ်မစခင် အနည်းဆုံး ၃ ပတ်အလို အများဆုံး ၁လ အလိုတွင် ငွေအပြည့်ပေးချေခြင်း ပြုလုပ်စေလိုပါသည် ။

Confirmation Policy
- ခရီးစဉ်၏ စရံငွေပေးသွင်းပြီးမှသာ ခရီးစဉ်တွင် လိုက်ပါရန် Confirmed စာရင်းသွင်းမည် ဖြစ်ပါသည်။
- ခရီးသည်၏စရံငွေပေးသွင်းပြီးပါကလေယာဉ်လက်မှတ်ထုတ်ပြီးသည်ဟုမှတ်ယူရပါမည် ။ ခရီးသည်မှ လိုက်ပါမည့်သူ ပြောင်းလဲလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်း၏ ကျသင့်ငွေ ကောက်ခံမှုကို ခရီးသည်မှ ပေးချေရမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
- ခရီးစဉ်၏ ပထမဆုံးနေ့တွင် Wings & Wheels Travel & Tours မှ တာဝန်ရှိသူတစ်ဦးမှ ဧည့်သည်တော်များအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လေဆိပ်တွင် လာရောက်စောင့်ဆိုင်းပေးမည်ဖြစ်ပါသည်။

Payment Policy
- ဧည့်သည်၏ သဘောတူညီမှုရရှိပြီးနောက် Tour Confirmed ဖြစ်သည်နှင့် ခရီးစဉ်၏ ၅၀% ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာကိစ္စများ လုပ်ဆောင်ပြီးစီးသည်နှင့် ဗီဇာကျပြီးနောက်တွင် ခရီးစဉ်၏ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာမလိုသည့် နိုင်ငံခရီးစဉ်များအတွက် ခရီးမထွက်ခင် ၃ ပတ်အလိုတွင် ကျန်ငွေ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။

Child Policy
- မွေးကင်းစ ကလေးငယ် ( အသက် ၂ နှစ်အောက် ) : လူကြီး၏ ၃၀%
- အိပ်ယာ အပိုမယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၂ နှစ်ကြား ) : လူကြီး၏ ၇၀%
- အိပ်ယာ အပိုယူမည့် ကလေးငယ် ( အသက် ၂ နှစ်မှ ၁၁ နှစ်ကြား ) : လူကြီး၏ ၉၀%
- လူကြီးတစ်ယောက်နှင့် တစ်ခန်းယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၁နှစ်ကြား ): လူကြီး၏ ၁၀၀%
- အသက် ၁၁နှစ်အထက် ကလေး : လူကြီးဈေး၏ ၁၀၀%

Cancellation Policy
- ဗီဇာ မလျှောက်ထားမီ နှင့် လေယာဉ်လက်မှတ် မထုတ်မီ Cancel ပြုလုပ်လိုပါက - ဒေါ်လာ ၁၅၀ မှ ၂၀၀ အတွင်း (ခရီးစဉ်ပေါ် မူတည်၍)
- ဗီဇာလျှောက်ထားပြီးနှင့် ဗီဇာကျပြီး ရရှိပြီးမှ Cancel ပြုလုပ်လိုပါက - ခရီးစဉ်၏ ၅၀% ( ခရီးမထွက်ခင် နှစ်လအလို )

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
• ဟိုတယ်တွင် (၃)ညတာတည်းခိုခွင့်များ
• ခရီးစဉ်တွင်ဖော်ပြထားသော မနက်စာ/နေ့ လည်စာ/ညစာများ
• ခရီးစဉ်တွင်ဖော်ပြထားသော ၀င်ကြေးများ နှင့် ၀န်ဆောင်မှုများ
• ခရီးစဉ်တစ်လျှောက် Tour Coach A/C ကားများ
• Local guide နှင့် driver အတွက် Tips Money များ
• ရေသန့် / တာဝါ

(၄ညအိပ်/၃ရက်) ချင်းမိုင်-ချင်းရိုင်

396,270.00 K
Member Price
0.00 K
396270.0 MMK