Previous Next

Itinerary for Customers

Day 1 Bangkok Arrival– Pattaya (B/L/D)
မနက်ပိုင်းတွင် ဘန်ကောက်မြို့ လေဆိပ်သို့ ရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီး ပတ္တရားမြို့ သို့  ထွက်ခွာပါမည်။ နေ့ လည်စာကို သုံးဆောင်ပြီးနောက် ကျားလိမ္မာပြပွဲများရှိုရာ ကျားဖြူလေးများနှင့် ဓာတ်ပုံတွဲရိုက်နိုင်မည့် Tiger Zoo & Crocodile Show (သို့ မဟုတ်) ပတ္တရား ရေအောက်ကမ္ဘာ Under Water World Pattaya သို့ သွားရောက်လည်ပတ်ပါမည်။ ထို့ နောက် ဟိုတယ်တွင် Check-in ၀င်ပြီးနောက် ပတ္တရားမြို့ ရဲ့ အကောင်းဆုံး Alcarzar Show ကြည့်ရင်း ညစာသုံးဆောင်ပါမည်။ ပတ္တရားမြို့ ၏ မီးရောင်စုံ အလှအပများခံစားနိုင်မည့် Walking Street တွင် လွတ်လပ်စွာလမ်းလျှောက် လည်ပတ်နိုင်ပါမည်။ ပတ္တရားမြို့ ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 2 Pattaya – Island Tour – Bangkok (B/L/D)
မနက်စာသုံး ဆောင်ပြီးနောက် သဲဖြူကျွန်း Coral Island သို့ speed boat ဖြင့် သွားရောက် လည်ပတ်ပါမည်။ ထို့ နောက် ဟိုတယ်သို့ ပြန်လည်ထွက်ခွာပြီး နေ့ လည်စာသုံးဆောင်ပါမည်။ ဆက်လက်၍လည်း ကျောက်တောင်ပေါ်တွင် ထွင်းထားသော ပတ္တရားမြို့ ၏ လေဆာဘုရား Khau Ji Chan Laser Buddha ၊ စပျစ်ခင်းတွေကြား ဓာတ်ပုံလှလှများဖန်တီးနိုင်မည့် Silver Lake တို့ ကို သွားရောက်လည်ပတ်ပါမည်။ ဘန်ကောက်မြို့ သို့ ပြန်လည်ထွက်ခွာပြီး Frost Magical Ice of Siam တွင် ၀င်ရောက်လည်ပတ်ပါမည်။ ညနေစာကို စားသောက်ဆိုင် (သို့ မဟုတ်) ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Nanta Show ကို ပျော်ရွှင်စွာကြည့်ရူနိုင်ပါသည်။
ဘန်ကောက်မြို့ ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 Bangkok – City Tour (B/L/D)
မနက်စာသုံးဆောင်ပြီးနောက် ထိုင်းဘုရင့်နန်းတော် Grand Palace ၊ မြဘုရား၊ Golden Buddha Temple နှင့် Marble Temple တို့ ကို သွားရောက်လည်ပတ်ပါမည်။ နေ့ လည်စာကို သုံးဆောင်ပြီးနောက် ဆက်လက်၍လည်း နာမည်ကျော်ပုံတူ ဖယောင်းရုပ်ထုများရှိရာ Madame Tussauds ပြတိုက်၊ Sea life နှင့် MBK Shopping Mall တွင် ဈေးဝယ်ထွက် လည်ပတ်ကြပါမည်။ ညနေစာကို စားသောက်ဆိုင် (သို့ မဟုတ်) ဟိုတယ်တွင် သုံးဆောင်ပြီး ဘန်ကောက်မြို့ ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 Bangkok – Departure (B/L/-)
Option - 1
မနက်စာသုံးဆောင်ပြီးနောက် စိတ်လှုပ်ရှားဖွယ် ဂိမ်းများ နှင့် Hollywowd Action ပြပွဲများ၊ Animal Show များ ကြည့်ရူခြင်း၊ နှင်းတွေဖုံးတဲ့  Snow Town တို့ ရှိသော Theme Park တစ်ခုဖြစ်သည့် Dream World သို့ သွားရောက်လည်ပတ်ပါမည်။ Buffet နေ့ လည်စာကို Dream World တွင် သုံးဆောင်ပါမည်။
(OR)
Option – 2
မနက်စာသုံးဆောင်ပြီးနောက် ရေလွှာလျှောစီးနိုင်သော Water Park ကော ကစားနည်းမျိုးစုံးကစားနိုင်သော Siam Park City သို့ သွားရောက်လည်ပတ်ပါမည်။ Buffet နေ့ လည်စာကို Siam Party City တွင် သုံးဆောင်ပါမည်။

ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာရန် ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ ဆောင်ပေးပါမည်။

***ပျော်ရွှင်ဖွယ် ခရီးစဉ်ပြီးဆုံးပါပြီ***

Remark for Customers

*** Note
- ခရီးသည်၏ Passport သက်တမ်းသည် ၆ လ ထက်မနည်းသော သက်တမ်းရှိရပါသည် ။
- လေယာဉ်လက်မှတ်ဈေးနှူန်းအတက်အကျရှိပါသဖြင့်ခရီးစဉ်၏စရိတ် အတိုး အလျှော့ အပြောင်းအလဲ ရှိနိုင်ပါသည် ။
- ခရီးစဉ်အစမှအဆုံးအတွင်း ဧည့်သည်မှမိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှုရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာသော ပြသနာများသည် ခရီးသည်ကိုယ်တိုင်နှင့်သာသက်ဆိုင်သော တာဝန်သာဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

Package Policy

Booking Policy
- ဧည့်သည်၏ ခရီးစဉ် စုံစမ်းမေးမြန်းမှုကို ရရှိပြီးသည်နှင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။
- စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူစေရန် Passport Copy နှင့်အတူ စရံငွေပေးသွင်းရန် လိုအပ်ပါသည် ။
- ခရီးစဉ်မစခင် အနည်းဆုံး ၃ ပတ်အလို အများဆုံး ၁လ အလိုတွင် ငွေအပြည့်ပေးချေခြင်း ပြုလုပ်စေလိုပါသည် ။

Confirmation Policy
- ခရီးစဉ်၏ စရံငွေပေးသွင်းပြီးမှသာ ခရီးစဉ်တွင် လိုက်ပါရန် Confirmed စာရင်းသွင်းမည် ဖြစ်ပါသည်။
- ခရီးသည်၏စရံငွေပေးသွင်းပြီးပါကလေယာဉ်လက်မှတ်ထုတ်ပြီးသည်ဟုမှတ်ယူရပါမည် ။ ခရီးသည်မှ လိုက်ပါမည့်သူ ပြောင်းလဲလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်း၏ ကျသင့်ငွေ ကောက်ခံမှုကို ခရီးသည်မှ ပေးချေရမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
- ခရီးစဉ်၏ ပထမဆုံးနေ့တွင် Wings & Wheels Travel & Tours မှ တာဝန်ရှိသူတစ်ဦးမှ ဧည့်သည်တော်များအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လေဆိပ်တွင် လာရောက်စောင့်ဆိုင်းပေးမည်ဖြစ်ပါသည်။

Payment Policy
- ဧည့်သည်၏ သဘောတူညီမှုရရှိပြီးနောက် Tour Confirmed ဖြစ်သည်နှင့် ခရီးစဉ်၏ ၅၀% ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာကိစ္စများ လုပ်ဆောင်ပြီးစီးသည်နှင့် ဗီဇာကျပြီးနောက်တွင် ခရီးစဉ်၏ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာမလိုသည့် နိုင်ငံခရီးစဉ်များအတွက် ခရီးမထွက်ခင် ၃ ပတ်အလိုတွင် ကျန်ငွေ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။

Child Policy
- မွေးကင်းစ ကလေးငယ် ( အသက် ၂ နှစ်အောက် ) : လူကြီး၏ ၃၀%
- အိပ်ယာ အပိုမယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၂ နှစ်ကြား ) : လူကြီး၏ ၇၀%
- အိပ်ယာ အပိုယူမည့် ကလေးငယ် ( အသက် ၂ နှစ်မှ ၁၁ နှစ်ကြား ) : လူကြီး၏ ၉၀%
- လူကြီးတစ်ယောက်နှင့် တစ်ခန်းယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၁နှစ်ကြား ) : လူကြီး၏ ၁၀၀%
- အသက် ၁၁နှစ်အထက် ကလေး : လူကြီးဈေး၏ ၁၀၀%

Cancellation Policy
- ဗီဇာ မလျှောက်ထားမီ နှင့် လေယာဉ်လက်မှတ် မထုတ်မီ Cancel ပြုလုပ်လိုပါက - ဒေါ်လာ ၁၅၀ မှ ၂၀၀ အတွင်း (ခရီးစဉ်ပေါ် မူတည်၍)
- ဗီဇာလျှောက်ထားပြီးနှင့် ဗီဇာကျပြီး ရရှိပြီးမှ Cancel ပြုလုပ်လိုပါက - ခရီးစဉ်၏ ၅၀% ( ခရီးမထွက်ခင် နှစ်လအလို )

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
• ဟိုတယ်တွင် (၃) ညတာတည်းခိုခြင်း
• ခရီးစဉ်တွင် ဖော်ပြထားသော မနက်စာ/နေ့ လည်စာ/ညစာများ
• ခရီးစဉ်တွင် လိုက်ပါမည် English speaking guide
• ခရီးစဉ်တစ်လျှောက် Tour Coach A/C ကားများ
• ခရီးစဉ်တွင် ဖော်ပြထားသော ၀င်ကြေး နှင့် show များ
• Local guide နှင့် driver အတွက် Tips Money များ
• ရေသန့် / တာဝါ

(၄ညအိပ်/၃ရက်) ဘန်ကောက်-ပတ္တယား

999,090.00 K
Member Price
0.00 K
999090.0 MMK