Previous Next

Itinerary for Customers

Day 1 Arrival Bangkok – Hua Hin (-/L/D)
မနက်ပိုင်းတွင် ဘန်ကောက် လေဆိပ်သို့ ရောက်ရှိပြီး ဟွာဟင်းမြို့ သို့ ထွက်ခွာပါမည်။ (approx. 3hrs drive)
လမ်းတွင် နေ့ လည်စာသုံးဆောင်ပါမည်။ ထို့ နောက် ဓာတ်ပုံလှလှလေးများရိုက်ကူးဖို့  သိုးခြံ Swiss Sheep Farm Cha Am တွင် ၀င်ရောက်လည်ပတ်ပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in ၀င်ပါမည်။ ဟွာဟင်း Night Market တွင် ဈေးဝယ်ထွက်ပါမည်။ ဟွာဟင်းမြို့ ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 2 Hua Hin City Tour (B/L/D) မနက်စာသုံးဆောင်ပြီးနောက် လှပသော ဟွာဟင်းရထားဘူတာ နှင့် Pleanwan Market သို့ သွားရောက်လည်ပတ်ပါမည်။
ထို့ နောက် အီတလီနိုင်ငံရှိ အချစ်မြို့ တော် လို့ တင်စားခေါ်ဝေါ်တဲ့ ဗင်းနစ်မြို့ လေးကို ရောက်ရှိသလို ခံစားနိုင်မည့် The Venezia Hua Hin သို့ သွားရောက်လည်ပတ်ပြီးနောက် နေ့ လည်စာသုံးဆောင်ပါမည်။
ညနေစာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ထွက်ခွာပါမည်။ ဟွာဟင်းမြို့ ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 Hua Hin – Bangkok (B/L/D)
မနက်စာသုံးဆောင် သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ထွက်ပြီး ဘန်ကောက်သို့ ပြန်လည်ထွက်ခွာပါမည်။ လမ်းတွင် Rajabhakti Park တွင် ၀င်ရောက်လည်ပတ်ပါမည်။ နေ့ လည်စာသုံးဆောင်ပြီးနောက် Huay Mongkok Temple လည်ပတ်ပြီးသည်နှင့် MBK Shopping Mall (သို့ မဟုတ်) Pratunam Market လွတ်လပ်စွာဈေးဝယ်ထွက်ပါမည်။
Nanta Show ကြည့်ရူပြီးနောက် ဟိုတယ်တွင် Check-in ၀င်ပါမည်။ ဘန်ကောက်မြို့ ရှိဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 4 Bangkok – Shopping – Departure (B/L/-)
မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ထွက်ပါမည်။ ထို့ နောက် ထိုင်းဘုရင့်နန်းတော်၊ မြဘုရား နှင့် Marble Temple သို့ သွားရောက်လည်ပတ်ပါမည်။ လွတ်လပ်စွာ ဈေးဝယ်ထွက်ပြီးနောက် ရန်ကုန်မြို သို့ ပြန်ရန် ဘန်ကောက် လေဆိပ်သို့  ပို့ ဆောင်ပေးပါမည်။

***ပျော်ရွှင်ဖွယ် ခရီးစဉ်ပြီးဆုံးပါပြီ***

Remark for Customers

*** Note
- ခရီးသည်၏ Passport သက်တမ်းသည် ၆ လ ထက်မနည်းသော သက်တမ်းရှိရပါသည် ။
- လေယာဉ်လက်မှတ်ဈေးနှူန်းအတက်အကျရှိပါသဖြင့်ခရီးစဉ်၏စရိတ် အတိုး အလျှော့ အပြောင်းအလဲ ရှိနိုင်ပါသည် ။
- ခရီးစဉ်အစမှအဆုံးအတွင်း ဧည့်သည်မှမိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှုရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာသော ပြသနာများသည် ခရီးသည်ကိုယ်တိုင်နှင့်သာသက်ဆိုင်သော တာဝန်သာဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

Package Policy

Booking Policy
- ဧည့်သည်၏ ခရီးစဉ် စုံစမ်းမေးမြန်းမှုကို ရရှိပြီးသည်နှင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။
- စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူစေရန် Passport Copy နှင့်အတူ စရံငွေပေးသွင်းရန် လိုအပ်ပါသည် ။
- ခရီးစဉ်မစခင် အနည်းဆုံး ၃ ပတ်အလို အများဆုံး ၁လ အလိုတွင် ငွေအပြည့်ပေးချေခြင်း ပြုလုပ်စေလိုပါသည် ။

Confirmation Policy
- ခရီးစဉ်၏ စရံငွေပေးသွင်းပြီးမှသာ ခရီးစဉ်တွင် လိုက်ပါရန် Confirmed စာရင်းသွင်းမည် ဖြစ်ပါသည်။
- ခရီးသည်၏စရံငွေပေးသွင်းပြီးပါကလေယာဉ်လက်မှတ်ထုတ်ပြီးသည်ဟုမှတ်ယူရပါမည် ။ ခရီးသည်မှ လိုက်ပါမည့်သူ ပြောင်းလဲလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်း၏ ကျသင့်ငွေ ကောက်ခံမှုကို ခရီးသည်မှ ပေးချေရမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
- ခရီးစဉ်၏ ပထမဆုံးနေ့တွင် Wings & Wheels Travel & Tours မှ တာဝန်ရှိသူတစ်ဦးမှ ဧည့်သည်တော်များအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လေဆိပ်တွင် လာရောက်စောင့်ဆိုင်းပေးမည်ဖြစ်ပါသည်။

Payment Policy
- ဧည့်သည်၏ သဘောတူညီမှုရရှိပြီးနောက် Tour Confirmed ဖြစ်သည်နှင့် ခရီးစဉ်၏ ၅၀% ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာကိစ္စများ လုပ်ဆောင်ပြီးစီးသည်နှင့် ဗီဇာကျပြီးနောက်တွင် ခရီးစဉ်၏ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာမလိုသည့် နိုင်ငံခရီးစဉ်များအတွက် ခရီးမထွက်ခင် ၃ ပတ်အလိုတွင် ကျန်ငွေ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။

Child Policy
- မွေးကင်းစ ကလေးငယ် ( အသက် ၂ နှစ်အောက် ) : လူကြီး၏ ၃၀%
- အိပ်ယာ အပိုမယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၂ နှစ်ကြား ) : လူကြီး၏ ၇၀%
- အိပ်ယာ အပိုယူမည့် ကလေးငယ် ( အသက် ၂ နှစ်မှ ၁၁ နှစ်ကြား ) : လူကြီး၏ ၉၀%
- လူကြီးတစ်ယောက်နှင့် တစ်ခန်းယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၁နှစ်ကြား ): လူကြီး၏ ၁၀၀%
- အသက် ၁၁နှစ်အထက် ကလေး : လူကြီးဈေး၏ ၁၀၀%

Cancellation Policy
- ဗီဇာ မလျှောက်ထားမီ နှင့် လေယာဉ်လက်မှတ် မထုတ်မီ Cancel ပြုလုပ်လိုပါက - ဒေါ်လာ ၁၅၀ မှ ၂၀၀ အတွင်း (ခရီးစဉ်ပေါ် မူတည်၍)
- ဗီဇာလျှောက်ထားပြီးနှင့် ဗီဇာကျပြီး ရရှိပြီးမှ Cancel ပြုလုပ်လိုပါက - ခရီးစဉ်၏ ၅၀% ( ခရီးမထွက်ခင် နှစ်လအလို )

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
• ဟိုတယ်တွင် (၃) ညတာတည်းခိုခြင်း
• ခရီးစဉ်တွင် ဖော်ပြထားသော မနက်စာ/နေ့ လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် Tour Coach A/C ကားများ
• ခရီးစဉ်တွင် ဖော်ပြထားသော ၀င်ကြေးများ
• Local guide နှင့် driver အတွက် Tips Money များ ၊ ရေသန့် / တာဝါ

(၃ညအိပ်/၄ရက်) ဘန်ကောက်-ဟွာဟင်း-ဘန်ကောက်

1,115,370.00 K
Member Price
0.00 K
1115370.0 MMK