Itinerary for Customers

Day 1 ရန်ကုန် (-/-/ညစာ)
ည(၆)နာရီတွင် စုရပ်မှ စတင်ထွက်ခွာပါမည်။ ထို့နောက် (၁၁၅)မိုင် တွင် လက်ဖက်ရည်သောက် ခေတ္တရပ်နားပြီး ခရီးဆက်မည်။

Day 2 ပုဂံ - ချောက် - ဆော - ကန်ပတ်လတ် (နံနက်စာ/ နေ့လည်စာ/ ညစာ)
နံနက်အစောပိုင်းအချိန်တွင် ပုဂံမြို့ သို့ ရောက်ရှိပြီး အနန္ဒာဘုရား နှင့် ဓမ္မရံကြီးဘုရားသို့ ဝင်ရောက်ဖူးမျှော်မည် ဖြစ်ပြီး နံနက်စာသုံးဆောင်ပါမည်။ ထို့ နောက် ချောက်မြို့ သို့  ဆက်လက်ထွက်ခွာပြီး ဆောမြို့တွင်နေ့လည်စာသုံးဆောင်ပါမည်။ ပြီးနောက် ကန်ပက်လက်သို့ဆက်လက်ထွက်ခွာပြီး နေ့လည်တွင် ကန်ပတ်လတ်မြို့သို့ရောက်ရှိ ပါမည်။ ဟိုတယ် check-in ၀င်ကာ ခေတ္တအနားယူပြီးနောက် ကောလင်းရေတံခွန်သို့ သွားရောက်လည်ပတ်ပါမည်။ (အသွားအပြန် ၄နာရီခန့်) ညစာသုံးဆောင်ပြီးနောက် ကန်ပက်လက်မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 ကန်ပက်လက် - ၀ိတိုရိယတောင် (နံနက် စာ/ နေ့လည်စာ/ ညစာ)
နံနက်(၅)နာရီခန့်တွင် ၀ိတိုရိယတောင်ပေါ်မှ နေထွက်ချိန်ကြည့်ရှူရန် ဟိုတယ်မှထွက်ခွာပါမည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၁၀၅၀၀) မှာရှိတဲ့ နတ်မတောင် (ခေါ်) ခေါနူးစုမ် (ခေါ်) Mount Victoria (ခေါ်) ၀ိတိုရိယတောင် သို့တတ်ရန် ဟိုတယ်မှကားဖြင့်စတင်ထွက်ခွာပါမည်။
နံနက် (၇) နာရီ ၀န်းကျင်ခန့်တွင် အမြင့်ပေ (၉၀၀၀) ကျော်ရှိတဲ့ Trekking Point သို့ရောက်ရှိပြီး Breakfast Box များဖြင့် အသင့်ထုပ်ပိုးလာသော နံနက်စာကို သုံးဆောင်ပါမည်။ ထို့နောက် ခြေလျင်တောင်တက်ခြင်း စတင်ပါမည်။ (တောင်တက် ခန့်မှန်းကြာချိန် ၃နာရီဝန်းကျင်) (ခြေလျင်တောင်တက်ခြင်းကိုမပြုလုပ်လိုလျှင် မိမိအစီအစဉ်ဖြင့် ဆိုင်ကယ်ကယ်ရီနှင့် တောင်ပေါ်တက်နိုင်ပါသည်။)
အချိန်၃နာရီခန့် တောင်တတ်ပြီးနောက် နတ်မတောင်(ခေါ်)၀ိတိုရိယတောင်ပေါ်သို့ရောက်ရှိပါမည်။ ၀ိတိုရိယတောင် ထိပ်ပေါ်ရှိ စေတီတွင်ဝတ်ပြုဆုတောင်းပြီး တောင်ပေါ်အလှရှူခင်းများကိုကြည့်ရှူခံစားရင်းအနားယူမည်။ တောင်ပေါ် အလှရှူခင်းများနဲ့အတူ အမှတ်တရဓါတ်ပုံများရိုက်ရင်း သဘာဝငှက်မျိုးစေ့များကိုလေ့လာကြမည်။
ပြီးနောက် တောင်အောက်သို့ဆင်းပြီး ပါးရဲထိုးထားသော ချင်းအဘွားအိုများနှင့် ချင်းလူမျိုးများကျေးရွာတစ်ခုသို့ ၀င်ရောက် လည်ပတ်ပါမည်။ တစ်နေ့တာ ပင်ပန်းခဲ့သမျှကို ကန်ပက်လက်မြို့ရှိဟိုတယ်တွင်အိပ်စက်အနားယူပြီး အပန်းဖြေကြမည်။
Day 4 ကန်ပက်လက် - ဆော - လက်ပံပျား - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ ညစာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ကန်ပတ်လတ်မြို့တွင်းသို့သွားရောက်လည်ပတ်ကာ ချင်းရိုးရာ ၀တ်စုံများ၊ လည်ဆွဲများ၊ ထောပတ်သီးများ၊ လိမ္မော်သီးများ၊ ခေါင်ရည်နှင့် တောင်ဇလပ်ဝိုင်များကို အမှတ်တရလက်ဆောင်အဖြစ်ဝယ်ယူနိုင်ပါသည်။
နံနက်(၉)နာရီခန့်တွင် ဟိုတယ်မှ Checkout လုပ်ကာ ကန်ပတ်လတ်မြို့မှ ပြန်လည်ထွက်ခွာပါမည်။
ကန်စွန်းမတွင် နေ့လည်စာသုံးဆောင်ပြီး ရန်ကုန်သို့ဆက်လက်ထွက်ခွာပါမည်။ ရန်ကုန်သို့ ည(၁၁)နာရီဝန်းကျင်ခန့်တွင် အေးချမ်းစွာပြန်လည်ရောက်ရှိပါမည်။

*ခရီးစဉ်ပြီးဆုံးပါပြီ။*

*ရာသီဥတုအခြေအနေ၊ယာဉ်လမ်းကြောအခြေအနေတို့ပေါ်တွင်မူတည်၍ခရီးစဉ်လမ်းကြောင်းနှင့်အချိန်များအနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။*

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မူများ
• ကန်ပတ်လက် ဟိုတယ်တွင် (၂) ညတာ တည်းခိုခြင်း
• ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်စာ/နေ့လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် အသုံးပြုမည့် Tour Coach with A/C
• ခရီးစဉ်တစ်လျှောက် လိုက်ပါဝန်ဆောင်မူ့ပေးမည့် Tour Leader များ
• ခရီးစဉ်တလျှောက် ရေသန့် / တာဝါ များ

(၃ညအိပ်/၄ရက်) ခေါနူးစုမ် (ခေါ်) ၀ိတို၇ိယ တောင်တက်ခရီးစဉ်

178,000.00 K
Member Price
0.00 K
178000.0 MMK