Previous Next

Itinerary for Customers

Day 1 ရန်ကုန် - မြ၀တီ
ရန်ကုန်မှ ည (၇)နာရီတွင် မြ၀တီသို့ စတင်ထွက်ခွာပါမည်။ ၃၉ မိုင်တွင် ခေတ္တရပ်နားပြီးနောက် မြ၀တီသို့ ဆက်လက် ထွက်ခွာပါမည်။

Day 2 မြ၀တီ - မဲဆောက် (-/L/D)
မနက်ပိုင်းတွင် မြ၀တီမြို့သို့ရောက်ရှိပြီး မနက်စာသုံးဆောင်ပါမည်။ ထို့နောက် မဲဆောက်ဘက်သို့ တဆင့်သွားကားများ
ဖြင့်သွားရောက်ခါ ဟိုတယ်တွင် Check in ၀င်ရောက်ပါမည်။ ထို့နောက် ဖ၀ါနတ်နန်း၊ ဖဝေါဘုရား၊ နဂါးလိုင်ဂူ၊ ရွှေကျောင်းနှင့် သံလိုက်တောင်တို့ကို သွားရောက်လည်ပတ်ပြီးနောက် Robinson Shopping Mall သို့ သွားရောက်ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပါပြီးနောက် မဲ့ကစ ရေပူစမ်း၊ မဲဆောက်ဈေးနှင့် ဟုံလုံကုန်တိုက်၊ မြွေဘုရားကျောင်းနှင့် ရွှေချထားသော ရဟန္တာကျောင်းတို့ကို သွားရောက်လည်ပတ်ပြီး ညစာသုံးဆောင်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။

Day 3 မဲဆောက် - မြ၀တီ (B/L/D)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး နောက်CheckOutလုပ်ပါမည်။ ထိုနောက် ၉၇ထပ်ရှိဖာကျရိန် ရေတံခွန်ပျော်ပါးစွား ရေကစားခြင်း နှင့် သရ၀ံ ပန်းခြံတို့ကို သွားရောက်လည်ပတ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပါမည်။
ထို့နောက် နေ့လည်စာသုံးဆောင်သုံးဆောင်ကြပြီးနောက် ဈေးဝယ်ထွက်ကြပါမည်။
ညနေပိုင်းတွင် မြ၀တီ ရှိတန်ခိုးကြီးဘုရားများဖြစ်သော ဘုရားငါးဆူ(ရွှေမင်းဝံ) ၊ မိကျောင်းကုန်းတို့ကို လည်ပတ်ပြီးနောက် ညစာ သုံးဆောင်ကာ တစ်နေ့တာ အိပ်စက်အနားယူပါမည်။

Day 4 မြ၀တီ - ဘားအံ - ရန်ကုန် (B/L/-)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ဘားအံသို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ဘာအံသို့ရောက်ရှိကာ ကော့ကွန်းဂူ၊ ရသေ့ပျံဂူ၊ ဘုရင့်ညီဂူ၊ ကျောက်ကလပ်ဘုရား နှင့် ရွှေရင်မျှော်ဘုရားတို့ကို လည်ပတ်ပြီးနောက် ရန်ကုန်သို့ဆက်လက်ထွက်ခွာပါမည်။ ညပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။

*** ခရီးစဉ် ပြီးဆုံးပါပြီ ***

မှတ်ချက် ။ ။မှတ်ပုံတင်ယူလာပေးပါရန်၊ မဲဆောက်မြို့ တွင်ထိုင်းဘတ်ငွေ ကိုသာ အသုံးပြုပါသည်။ မဲဆောက်ဘက်သို့ မကူးခင် ငွေလဲမည့်နေရာသို့ ပို့ဆောင်ပေးပါမည်။ မိမိ အစီစဉ်နဲ့လည်း ယူသွားနိုင်ပါသည်။

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင် ပါဝင်မည့် ၀န်ဆောင်မှုများ
• ရန်ကုန် - မြ၀တီ - မဲဆောက် - ရန်ကုန် အဲလ်ကွန်းကား
• မဲဆောက်/မြ၀တီ ရှိဟိုတယ်တွင် (၂) ညတာ တည်းခိုခြင်း
• ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်စာ၊ နေ့လည်စာ၊ ညစာများ
• တဆင့်သွားကားခ၊ ၀င်ကြေးများ၊ Border Pass လက်မှတ်
• ခရီးသွားအသက်အာမခံ (Full Cover)
• လမ်းခရီးတွင် ကူညီဆောင်ရွက်ပေးရန် Tour Leader
• ရေသန့်/တာဝါ
• လက်ဆောင်

Exclusion

မပါဝင်သော ၀န်ဆောင်မူ့များ
• အထက်ပါခရီးစဉ်တွင် မဖေါ်ပြထားသော အရာများအားလုံး
• Video Camera အခွန်ဆောင်ခြင်းများ
• ဟိုတယ်နှင့်စားသောက်ဆိုင်တွင် အပိုမှာယူသော အစားအသောက်များ

(၃ညအိပ်/၄ရက်) မြ၀တီ - မဲဆောက် - ဘားအံ ခရီးစဉ်

190,000.00 K
Member Price
0.00 K
190000.0 MMK