Itinerary for Customers

Day 1 ရန်ကုန် - အောင်ပန်း
• ည(၉)နာရီတွင် စုရပ်မှ စတင်ထွက်ခွာပါမည်။
• ထို့နောက် (၁၁၅)မိုင်တွင် ခေတ္တရပ်နားပြီး အောင်ပန်းသို့ခရီးဆက်ပါမည်။

Day 2 အောင်ပန်း - မြသပိတ်ရေပြာအိုင် - ပင်းတယ - ညောင်ရွှေ (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်စောစောတွင် အောင်ပန်းသို့ရောက်ရှိပြီး နံနက်စာသုံးဆောင်ပါမည်။
• ထို့နောက် အပျိုစင်ဒေသလို့အမည်တွင်သော ရွာငံရွာကို တစ်ဆင့်သွားကားဖြင့်သွားရောက်လည်ပတ် ပါမည်။
• ရွာငံရွာရှိ မိန်းမရဲသခင်မတောင်၊ မြသပိတ်ရေပြာအိုင် နှင့် တောကျယ်ရေတံခွန် တို့ကို ၀င်ရောက်လည်ပတ်ပါမည်။
• ပင်းတယ တွင်နေ့လည်စာသုံးဆောင်ပြီးနောက် ပင်းတယမြို့ရှိ ကုံလုံဆရာတော်ရုပ်ကလပ်ကျောင်းတော်၊ ရွှေဥမင်လှိုဏ်ဂူ တို့ကိုသွားရောက်လည်ပတ်ပြီး အနှစ်တစ်ထောင်ကျော်မှယနေ့ထိတိုင် မပျက်မစီးကျန်ရှိ နေသာ ညောင်ပင်ကြီးများတွင် အမှတ်တရဓါတ်ပုံများရိုက်ကာ ညောင်ရွှေသို့ဆက်လက် ထွက်ခွာပါမည်။
• လမ်းခရီးတွင် သာယာလှပသော ရှူခင်းများနှင့် အမှတ်တရဓါတ်ပုံများရိုက်နိုင်ရန် ခေတ္တရပ်နားပေးပါမည်။
• ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 ညောင်ရွှေ - အင်းလေး - ရွှေအင်းတိန် (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်စာသုံးဆောင်ပြီး ဟိုတယ်မှထွက်ကာ အင်းလေးကန်အတွင်းသို့စက်လှေဖြင့်သွားရောက်လည်ပတ် ပါမည်။
• အင်းလေးဒေသရှိ အလိုတော်ပေါက်ဘုရား၊ ဖောင်တော်ဦးဘုရား၊ ရက္ကန်းရုံနှင့် ငွေထည်ပစ္စည်းဆိုင်များသို့သွားရောက်လည်ပတ်ပါမည်။
• နေ့လည်စာသုံးဆောင်ပြီးနောက် ကြောင်ခုံကျောင်း နှင့် ရွှေအင်းတိန်ဒေသရှိရှေးဟောင်းဘုရားများကို သွားရောက်ဖူးမြော်ပါမည်။
• ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 ညောင်ရွှေ - ကလော - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်စာသုံးဆောင်ပြီး Hotel check-out လုပ်ကာ Red Mountain၀ိုင်ခြံ၌ Wine Tasting လုပ်ပြီး စပျစ်စိုက်ခင်းများကိုလေ့လာကြမည်။
• ကလောမြို့ရှိ တန်ခိုးကြီးနှီးဘုရားကိုဝင်ရောက်ဖူးမြော်ပြီးနောက် နေ့လည်စာသုံးဆောင်ကြမည်။
• ရန်ကုန်သို့ပြန်လည်ထွက်ခွာပြီး (၁၁၅)မိုင်တွင် ညစာသုံးဆောင်ပါမည်။
• ရန်ကုန်သို့ ည(၁၀)နာရီဝန်းကျင်ခန့်တွင် ပြန်လည်ရောက်ရှိပါမည်။

*ခရီးစဉ်ပြီးဆုံးပါပြီ။*

*ရာသီဥတုအခြေအနေ၊ယာဉ်လမ်းကြောအခြေအနေတို့ပေါ်တွင်မူတည်၍ခရီးစဉ်လမ်းကြောင်းနှင့်အချိန်များအနည်းငယ် ပြောင်းလဲမှုရှိနိုင်ပါသည်။*

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မူများ
• ဟိုတယ်တွင် (၂) ညတာ တည်းခိုခြင်း
• ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်စာ/နေ့လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် အသုံးပြုမည့် Tour Coach with A/C
• ခရီးစဉ်တစ်လျှောက် လိုက်ပါဝန်ဆောင်မူ့ပေးမည့် Tour Leader များ
• ခရီးစဉ်တလျှောက် ရေသန့် / တာဝါ များ

(၃ညအိပ်/၄ရက်) ရန်ကုန် - ရွာငံ - အင်းလေး - ပင်းတယ - ကလော

161,000.00 K
Member Price
0.00 K
161000.0 MMK