Itinerary for Customers

Day 1 ရန်ကုန် - ထားဝယ် (-/-/ညစာ)
ရန်ကုန်မှ ထားဝယ်မြို့  စတင်ထွက်ခွာပါမည်။ ညနေစာကို လမ်းတွင်သုံးဆောင်နိုင်ပါသည်။

Day 2 ထားဝယ် (နံနက်စာ/နေ့ လည်စာ/ညစာ)
ထားဝယ်သို့ မနက် ပိုင်းတွင် ရောက်ရှိပြီးမနက်စာသုံးဆောင်ပါမည်။ ပထမဦးစွာ ထားဝယ်မြို့ ဟောင်းမှာတည်ရှိသော ရှင်ဇလွန်စေတီနှင့် လောင်းလုံမြို့ နယ်မှ ရှင်ကိုးရှင် သမိုင်းဝင်ဘုရား ရှင်တောက်ထိန်၊ ပသျူးကြောက်ဘုရား၊ ဆက်လက်၍ ကျောက်တုံးကြီးများဝန်းရံထားတဲ့ မျှော်ရစ်စေတီ နှင့် မောင်းမကန်ကမ်းခြေ မှာ အပန်းဖြေပါမည်။
နေ့ လည်စာ နှင့် ညစာကို စားသောက်ဆိုင်များတွင် သုံးဆောင်ပါမည်။
ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 ထားဝယ် (နံနက်စာ/နေ့ လည်စာ/ညစာ)
မနက်စာသုံးဆောင်ပြီးနောက် ထားဝယ်ရဲ့ အစွန်းမှာတည်ထားတဲ့ ခရီးလမ်းတစ်လျှောက်လှပသော ရှုခင်းများရှိသည့် ရှင်မော်စေတီသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့ နောက် ဖိုးဖိုးကျောက်ကမ်းခြေတွင် အလှဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့ နောက် ထားဝယ်သို့ ပြန်လည်ထွက်ခွာပြီး သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများဖြစ်သည့် ရှင်မုတ္တီး၊ ရှင်ဥသြ နှင့် ရှင်ပင်ခရု ဘုရားတို့ ကို ဖူးမျှော်ပါမည်။ နေ့ လည်စာ နှင့် ညစာကို စားသောက်ဆိုင်များတွင် သုံးဆောင်ပါမည်။ ဟိုတယ်ထားဝယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 ထားဝယ် - ရန်ကုန် (နံနက်စာ/နေ့ လည်စာ/ညစာ)
နံနက်စာသုံးဆောင်ပြီးနောက် ထားဝယ်မြို့ မဈေးတွင် အပြန်လက်ဆောင်များဝယ်ပါမည်။ ထို့ နောက် တောင်တက်လမ်း တလျှောက်ရှုခင်းများမြင့်တွေ့ နိုင်သည့် ရှင်တောင့်ပုံစေတီ နှင့် ရှင်ကိုးရှင်သမိုင်းဝင် စိမ်းလမ်းသောရှုခင်းများကို တောင်ထိပ် ပေါ်မှတွေ့ မြင်နိုင်သည့် ကလိန်အောင်ဆံတော်ရှင်မြတ်ကို ဖူးမျှော်ပါမည်။
ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။

*ခရီးစဉ်ပြီးဆုံးပါပြီ။*

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မူများ
• ဟိုတယ်တွင် (၂) ညတာ တည်းခိုခြင်း
• ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်စာ/နေ့လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် အသုံးပြုမည့် Tour Coach with A/C
• ခရီးစဉ်တစ်လျှောက် လိုက်ပါဝန်ဆောင်မူ့ပေးမည့် Tour Leader များ
• ခရီးစဉ်တလျှောက် ရေသန့် / တာဝါ များ

(၃ညအိပ်/၄ရက်) ထားဝယ် - ရှင်ကိုးရှင် ခရီးစဉ်

160,000.00 K
Member Price
0.00 K
160000.0 MMK