Itinerary for Customers

Day 1 ရန်ကုန် - ဘားအံ (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်(နံနက်(၄)နာရီတွင် ရန်ကုန်စုရပ်မှ စတင်ထွက်ခွာပါမည်။
• (၃၉)မိုင်တွင် နံနက်စာသုံးဆောင်ပြီး ဘားအံသို့ ခရီးဆက်ပါမည်။
• နံနက်(၁၁)နာရီဝန်းကျင်ခန့်တွင် ဘားအံသို့ရောက်ရှိပြီး ဘုရင်ညီဂူကိုစတင်လည်ပတ်ပါမည်။
• ထို့နောက် အေဒီ(၇)ရာစုဝန်းကျင်တွင်တည်ထားခဲ့သော အုတ်ခွက်ဘုရားများရှိရာ ကော့ကွန်းဂူကို သွားရောက်လည်ပတ်ပါမည်။
• နေ့လည်စာသုံးဆောင်ပြီး သာမညဆရာတော်ဘုရားကြီး အဓိဌာန်အောင်မြင်ခဲ့သည့် ကျောက်ကလပ်ဘုရားကို သွားရောက်ဖူးမြော်ပါမည်။
• ထို့နောက် ဇွဲကပင်တောင်ခြေရှိ လုမ္မနီဥယျာဉ်သို့သွားရောက်လည်ပတ်ပြီး ဇွဲကပင်တောင်၏အလှကိုကြည့်ရှူခံစားပါမည်။
• ဟိုတယ် Check-in ၀င်ကာ ခေတ္တအနားယူပါမည်။
• ဟိုတယ်တွင် ခေတ္တအနားယူပြီးနောက် ဘားအံမြီု့၏ ကျက်သရေဂုဏ်ဆောင် ရွှေရင်မျှော်ဘုရားကိုသွားရောက်ဖူးမြော်ပြီး နေ၀င်ဆည်းဆာအလှကို ကြည့်ရှူခံစားပါမည်။
• ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 2 ဘားအံ - ဇင်းကျိုက် - မော်လမြိုင် (နံနက်စာ/ နေ့လည်စာ/ ညစာ)

• မနက်စာသုံးဆောင်ပြီးနောက် မော်လမြိုင်သို့ စတင်ထွက်ခွာပါမည်။ ထို့ နောက် ဇင်းကျိုက်ရေတံခွန်တွင် ပျော်ရွှင်စွာ ရေဆော့ကစားပြီး မော်လမြိုင်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် Hotel Check in ၀င်ကာခေတ္တ အနားယူပါမည်။
• နေ့လည် (၃)နာရီခန့်တွင် မော်လမြိုင်မြို့၏ထင်ရှားလှသော ကျိုက်သလန်ဘုရား၊ မဟာမြတ်မုနိဘုရား၊ ဦးဇိနဘုရားအစရှိသော တောင်ပေါ်ဘုရားများကိုသွားရောက်ဖူးမြော်ပြီး ရှူခင်းသာView Point တွင်အမှတ်တရ ဓါတ်ပုံများရိုက်ကြမည်။
• ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် ဈေးကြီးသို့ပို့ဆောင်ပေးပါမည်။
• ညစာသုံးဆောင်ပြီး မော်လမြိုင်ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 မော်လမြိုင် - ကျိက္ခမီ - စက်စဲ - သံဖြူဇရပ် - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်စာသုံးဆောင်ပြီး ဟိုတယ်မှ Check out လုပ်ကာ စက်စဲကမ်းခြေသို့ ခရီးဆက်ပါမည်။
• စက်စဲကမ်းခြေတွင် အပန်းဖြေရေဆော့ကစားပြီးနောက် ကျိုက္ခမီရေလည်ဘုရားကိုသွားရောက်ဖူးမြော်ပါမည်။
• သံဖြူဇရပ်မြို့တွင် နေ့လည်စာသုံးဆောင်ပြီးနောက် သေမင်းတမံမီးရထားလမ်းတည်ရှိရာပြတိုက်သို့သွားရောက်လေ့လာမည်။
• ပြီးနောက် မော်လမြိုင်မြို့အပြန်လမ်းရှိ ညဏ်တော်ပေ ၁၈၀ရှိသည့် ခပ်ရခပ်ယူဘုရား၊ ၀င်းစိန်တောရ ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်သည့် ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားတို့ကို ၀င်ရောက်ဖူးမြော်ပါမည်။
• ထို့နောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ည(၁၁)နာရီဝန်းကျင်ခန့်တွင် စုရပ်သို့ပြန်လည်ရောက်ရှိပါမည်။

*ခရီးစဉ်ပြီးဆုံးပါပြီ။*

*ရာသီဥတုအခြေအနေ၊ယာဉ်လမ်းကြောအခြေအနေတို့ပေါ်တွင်မူတည်၍ခရီးစဉ်လမ်းကြောင်းနှင့်အချိန်များအနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။*

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မူများ
• ဟိုတယ်တွင် (၂) ညတာ တည်းခိုခြင်း
• ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်စာ/နေ့လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် အသုံးပြုမည့် Tour Coach with A/C
• ခရီးစဉ်တစ်လျှောက် လိုက်ပါဝန်ဆောင်မူ့ပေးမည့် Tour Leader များ
• ခရီးစဉ်တလျှောက် ရေသန့် / တာဝါ များ

(၂ညအိပ်/၃ရက်) ရန်ကုန် - ဘားအံ - မော်လမြိုင် - ကျိုက္ခမီ - စက်စဲ

124,000.00 K
Member Price
0.00 K
124000.0 MMK