Itinerary for Customers

Day 1 ရန်ကုန် - တောင်ငူ - သံတောင်ကြီး (- / နေ့ လည်စာ / ညနေစာ)
မနက်အစောပိုင်းအချိန်တွင် ရန်ကုန်မှ တောင်ငူ သို့  စတင်ထွက်ခွာပါမည်။ လမ်းခရီးတွင် မှော်ယောကြီးဆင်ခန်းသို့ ဝင်ရောက် လည်ပတ်ပါမည်။ ဆင်စခန်းတွင် မိမိအစီအစဉ်ဖြင့် ဆင်များ အစာကျွေးခြင်း၊ ရေချိုးပေးခြင်း၊ နှင့် ဆင်စီးခြင်းများ ပြုလုပ်နိုင်ပါသည်။ တောင်ငူသို့ ရောက်ရှိပြီးနောက် တောင်ငူ ရွှေဆံတော်ဘုရား နှင့် မြတ်စောညီနောက်ဘုရားတို့ ကို သွားရောက်ဖူးမျှော်ပါမည်။ ထို့ နောက် သံတောင်ကြီးသို့ ဆက်လက်ထွက်ခွာပါမည်။ နေ့ လည်စာနှင့် ညနေစာကို စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 2 သံတောင်ကြီး - နော်ဘူဘောတောင် (မနက်စာ / နေ့ လည်စာ / -)
မနက်အစောပိုင်းအချိန်တွင် လှပသောတိမ်ပင်လယ်ကြီးကို ကြည့်ရှူခံစားနိုင်ရန် နော်ဘူဘောဆုတောင်းတောင်သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့ နောက် ပသိချောင်းတွင် ပျော်ရွှင်စွာရေကစားကြမည်ဖြစ်ပြီး ဟိုတယ်သို့ ပြန်လည် ထွက်ခွာပါမည်။ ဟိုတယ်မှ Check-out ထွက်ပြီးနောက် ရန်ကုန်သို့  ပြန်လည် ထွက်ခွာပါမည်။ နေ့ လည်စာကို လမ်းခရီးတွင်သုံးဆောင်ပါမည်။

***ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါပြီ***

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
• ဟိုတယ်တွင် (၁) ညတာတည်းခိုခွင့်
• ခရီးစဉ်တွင်ဖော်ပြထားသော မနက်စာ/နေ့ လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် A/C ကားများ
• ခရီးစဉ်တစ်လျှောက်လိုက်ပါမည့် Tour Leader ၀န်ဆောင်မှုများ
• ဆင်စခန်းဝင်ကြေး
• ရေသန့် / တာဝါများ

(၁ညအိပ်/၂ရက်) တောင်ငူ - သံတောင်ကြီး - နော်ဘူဘောတောင် ခရီးစဉ်

81,000.00 K
Member Price
0.00 K
81000.0 MMK