Itinerary for Customers

Day – 1 ရန်ကုန် - ဘားအံ (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်(၄)နာရီတွင် ရန်ကုန်စုရပ်မှ စတင်ထွက်ခွာပါမည်။
• (၃၉)မိုင်တွင် နံနက်စာသုံးဆောင်ပြီး ဘားအံသို့ ခရီးဆက်ပါမည်။
• နံနက်(၁၁)နာရီဝန်းကျင်ခန့်တွင် ဘားအံသို့ရောက်ရှိပြီး ဘုရင်ညီဂူကိုစတင်လည်ပတ်ပါမည်။
• ထို့နောက် အေဒီ(၇)ရာစုဝန်းကျင်တွင်တည်ထားခဲ့သော အုတ်ခွက်ဘုရားများရှိရာ ကော့ကွန်းဂူကို သွားရောက်လည်ပတ် ပါမည်။
• နေ့လည်စာသုံးဆောင်ပြီး သာမညဆရာတော်ဘုရားကြီး အဓိဌာန်အောင်မြင်ခဲ့သည့် ကျောက်ကလပ်ဘုရားကို သွားရောက်ဖူးမြော်ပါမည်။
• ထို့နောက် ဇွဲကပင်တောင်ခြေရှိ လုမ္မနီဥယျာဉ်သို့သွားရောက်လည်ပတ်ပြီး ဇွဲကပင်တောင်၏အလှကိုကြည့်ရှူခံစားပါမည်။
• ဟိုတယ် Check-in ၀င်ကာ ခေတ္တအနားယူပါမည်။
• ဟိုတယ်တွင် ခေတ္တအနားယူပြီးနောက် ဘားအံမြီု့၏ ကျက်သရေဂုဏ်ဆောင် ရွှေရင်မျှော်ဘုရားကိုသွားရောက်ဖူးမြော်ပြီး နေ၀င်ဆည်းဆာအလှကို ကြည့်ရှူခံစားပါမည်။
• ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day – 2 ဘားအံ - တောင်ဝိုင်းတောင် - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ ညစာ)
• နံနက်(၅)နာရီဝန်းကျင်ခန့်တွင် အမြင့်ပေ(၂၆၀၀)ရှိသော တောင်ဝိုင်းတောင်သို့တက်ရောက်ရန် ဟိုတယ်မှစတင်ထွက်ခွာ ပါမည်။
• တောင်ဝိုင်းတောင်ခြေသို့ရောက်ရှိရန် မိနှစ်၂၀ခန့် ကားပြောင်းစီးပါမည်။
• တောင်ခြေသို့ရောက်ရှိပြီး တောင်တက်ခရီးကိုစတင်ပါမည်။ (အတက်၁နာရီခန့်ရှိပြီး၊ အဆင်း 45မိနစ်ခန့်ရှိပါသည်။)
• တောင်ပေါ်တွင် ဘုရားဖူးပြီး အံသြဖွယ်ရှူခင်းအလှများကိုခံစားပြီး အလှဓါတ်ပုံများရိုက်ကြမည်။
• နေ့လည်စာသုံးတောင်ပြီးနောက် ချစ်သူမြိုင်အပန်းဖြေစခန်းသို့သွားရောက်လည်ပတ်ပါမည်။
• ထို့နောက်ဟိုတယ်သို့ပြန်ကာ Check-out လုပ်ပြီး ရန်ကုန်သို့ပြန်လည်ထွက်ခွာပါမည်။
• ရန်ကုန်ကို ည(၁၂)နာရီဝန်းကျင်ခန့်တွင်ပြန်လည်ရောက်ရှိပါမည်။

*ခရီးစဉ်ပြီးဆုံးပါပြီ။*

*ရာသီဥတုအခြေအနေ၊ယာဉ်လမ်းကြောအခြေအနေတို့ပေါ်တွင်မူတည်၍ခရီးစဉ်လမ်းကြောင်းနှင့်အချိန်များအနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။*

Remark for Customers

မှတ်ချက်။ ။ အထက်ဖော်ပြပါဈေးနှုန်းသည် အနည်းဆုံး(၁၀)ဦးနှင့်အထက်ရှိမှသာ သက်ရောက်မှုရှိသည်။

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
• ဟိုတယ်တွင် (၁) ညတာတည်းခိုခွင့်
• ခရီးစဉ်တွင်ဖော်ပြထားသော မနက်စာ/နေ့ လည်စာ/ညစာများ
• ခရီးစဉ်တစ်လျှောက် A/C ကားများ
• ခရီးစဉ်တစ်လျှောက်လိုက်ပါမည့် Tour Leader ၀န်ဆောင်မှုများ
• ဆင်စခန်းဝင်ကြေး
• ရေသန့် / တာဝါများ

Exclusion

(၁ညအိပ်/၂ရက်) ဘားအံ - တောင်ဝိုင်း ခရီးစဉ်

87,000.00 K
Member Price
0.00 K
87000.0 MMK