Previous Next

Itinerary for Customers

Day 1 Arrival Siem Reap (-/L/D)
ကမ္ဘောဒီးယားနိုင်ငံ Siem Reap နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်စောင့်ကြိုနေမှာဖြစ်ပါသည်။ ထို့ နောက် နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့  Check-in ၀င်ပါမည်။ နေ့ လည်ပိုင်းတွင် Les Artisan D’ Angkor လက်မှုပညာသင်တန်းကျောင်းနှင့် Angkor Silk Farm ပိုးထည်မွေးမြူရေးနှင့်ယက်ကန်းသင်တန်းကျောင်းများသို့ သွားရောက်လည်ပတ်လေ့လာပါမည်။ ကမ္ဘောဒီးယား၏ နာမည်ကြီးကျောက်မျက်ရတနာဆိုင်အား ဆက်လက်လည်ပတ်ပါမည်။ Body Massage (သို့) Foot Massage ၁နာရီခန့် အနားယူပြီး ဘူးဖေးညစာကို ရိုးရာအကများဖြင့် တည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 2 Siem Reap (B/L/D)
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မနက်ပိုင်းခရီးစဉ်များအဖြစ် Chao Say Devodo ၊ Thommannon ၊ TaKeo ကျောင်းတော်များကိုဖြတ်သွားပြီး Angkor Thom ၏ South Gate ခေါ် တောင်ဘက်မြို့တံခါးရှိ ဘေယွမ် (Bayon) ဘုရားကျောင်း၊ Phimeanakas ဘုရားကျောင်း၊ Elephant & Leper King terrace နှင့် Suor Prat တာဝါများသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဟောလိဝုဒ်စတားအိန်ဂျယ်လီနာဂျိုလီပါဝင်သည့် နာမည်ကျော် Tomb Rider ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သော Angkor ၏ လူကြိုက်အများဆုံး ဖြစ်လာသည့် တာပရွန်း (Ta-Prohm) ဘုရားကျောင်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီး UNESCO World Heritage စာရင်းဝင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် အန်ကောဝတ် (Angkor Wat) ကျောင်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ အန်ကောဝတ်ကျောင်းတော်ဟာ ခမာလူမျိုးတို့၏ ဗိသုကာလက်ရာထဲမှ အကြီးမားဆုံးနှင့် လက်ရာအမြောက်ဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ အန်ကောဝတ်ကျောင်းဟာ နိုင်ငံတော်အလံတွင် ထည့်သွင်းဖော်ပြပြီး ကမ္ဘောဒီးယား၏သင်္ကေတဖြစ်လာခဲ့ပါသည်။ အန်ကောဝတ်ကျောင်းတော်မှ ညနေဆည်းဆာအလှကို ခံစားကြည့်ရှုပြီး ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 3 Siem Reap (B/L/D)
မနက်စာ သုံးဆောင်ပြီးနောက် 8 x 2 km ကျယ်ဝန်းသော ရှေးဟောင်းရေလှောင်တမံ West Baray ၊ အောက်မေ့ဖွယ်ရာစစ်မော်ကွန်းကျောက်တိုင် War Memorial Monument ၊ ၁၉၇၅-၁၉၇၉ ကာလအတွင်း Pol Pot စစ်အစိုးရစနစ်က သားကောင်ဖြစ်ခဲ့သူများ၏အရိုးများထားရာ War Thmey စေတီများသို့ လည်ပတ်ပြီး အမှတ်တရပစ္စည်းနှင့် အ၀တ်အထည်များရောင်းသော Old Market ဈေးသို့ လွပ်လွပ်လပ်လပ်ဈေးဝယ်ထွက်ကြပြီး နေ့လည်စာတည်ခင်းဧည့်ခံပါမည်။ နေ့လည်တွင် Tonlesap Great Lake ရေကန်ကြီးကို လည်ပတ်ပြီး ရေပေါ်ရွာသို့ boat စီးပြီး ရေပေါ်အိမ်၊ ရေပေါ်ကျောင်း၊ စားသောက်ဆိုင်၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဒေသခံများ၏နေထိုင်မှုပုံစံများကို ကြည့်ရှုလေ့လာပါမည်။ (ကိုယ်ပိုင်စရိတ်ဖြင့်) မိကျောင်းစာကျွေးပြီးနောက် ကမ္ဘောဒီးယား၏ပထမဦးဆုံးနှင့်အပြည်ပြည်ဆိုင်ရာပျော်ပွဲရွှင်ပွဲ ROSANA ဘရော့ဒ်ဝေးရှိုးပွဲကိုကြည့်ရှုရင်း ညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4 Siem Reap – Departure (B/- /-)
မနက်စာသုံးဆောင်ပြီးနောက် လေဆိပ်သို့ သွားရောက်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာပါမည်။

****ပျော်ရွှင်ဖွယ်ရာခရီးစဉ်လေးပြီးဆုံးပါပြီ****

Remark for Customers

*** Note
- ခရီးသည်၏ Passport သက်တမ်းသည် ၆ လ ထက်မနည်းသော သက်တမ်းရှိရပါသည် ။
- လေယာဉ်လက်မှတ်ဈေးနှူန်းအတက်အကျရှိပါသဖြင့်ခရီးစဉ်၏စရိတ် အတိုး အလျှော့ အပြောင်းအလဲ ရှိနိုင်ပါသည် ။
- ခရီးစဉ်အစမှအဆုံးအတွင်း ဧည့်သည်မှမိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှုရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာသော ပြသနာများသည် ခရီးသည်ကိုယ်တိုင်နှင့်သာသက်ဆိုင်သော တာဝန်သာဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

Package Policy

Booking Policy
- ဧည့်သည်၏ ခရီးစဉ် စုံစမ်းမေးမြန်းမှုကို ရရှိပြီးသည်နှင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည် ။
- စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူစေရန် Passport Copy နှင့်အတူ စရံငွေပေးသွင်းရန် လိုအပ်ပါသည် ။
- ခရီးစဉ်မစခင် အနည်းဆုံး ၃ ပတ်အလို အများဆုံး ၁လ အလိုတွင် ငွေအပြည့်ပေးချေခြင်း ပြုလုပ်စေလိုပါသည် ။

Confirmation Policy
- ခရီးစဉ်၏ စရံငွေပေးသွင်းပြီးမှသာ ခရီးစဉ်တွင် လိုက်ပါရန် Confirmed စာရင်းသွင်းမည် ဖြစ်ပါသည်။
- ခရီးသည်၏စရံငွေပေးသွင်းပြီးပါကလေယာဉ်လက်မှတ်ထုတ်ပြီးသည်ဟုမှတ်ယူရပါမည် ။ ခရီးသည်မှ လိုက်ပါမည့်သူ ပြောင်းလဲလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်း၏ ကျသင့်ငွေ ကောက်ခံမှုကို ခရီးသည်မှ ပေးချေရမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
- ခရီးစဉ်၏ ပထမဆုံးနေ့တွင် Wings & Wheels Travel & Tours မှ တာဝန်ရှိသူတစ်ဦးမှ ဧည့်သည်တော်များအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လေဆိပ်တွင် လာရောက်စောင့်ဆိုင်းပေးမည်ဖြစ်ပါသည်။

Payment Policy
- ဧည့်သည်၏ သဘောတူညီမှုရရှိပြီးနောက် Tour Confirmed ဖြစ်သည်နှင့် ခရီးစဉ်၏ ၅၀% ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာကိစ္စများ လုပ်ဆောင်ပြီးစီးသည်နှင့် ဗီဇာကျပြီးနောက်တွင် ခရီးစဉ်၏ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။
- ဗီဇာမလိုသည့် နိုင်ငံခရီးစဉ်များအတွက် ခရီးမထွက်ခင် ၃ ပတ်အလိုတွင် ကျန်ငွေ ၅၀%ကို ပေးချေရမည် ဖြစ်ပါသည်။
Child Policy
- မွေးကင်းစ ကလေးငယ် ( အသက် ၂ နှစ်အောက် ) : လူကြီး၏ ၃၀%
- အိပ်ယာ အပိုမယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၂ နှစ်ကြား ) : လူကြီး၏ ၇၀%
- အိပ်ယာ အပိုယူမည့် ကလေးငယ် ( အသက် ၂ နှစ်မှ ၁၁ နှစ်ကြား ) : လူကြီး၏ ၉၀%
- လူကြီးတစ်ယောက်နှင့် တစ်ခန်းယူမည့် ကလေးငယ် ( အသက် ၂နှစ်မှ ၁၁နှစ်ကြား ): လူကြီး၏ ၁၀၀%
- အသက် ၁၁နှစ်အထက် ကလေး : လူကြီးဈေး၏ ၁၀၀%

Cancellation Policy
- ဗီဇာ မလျှောက်ထားမီ နှင့် လေယာဉ်လက်မှတ် မထုတ်မီ Cancel ပြုလုပ်လိုပါက - ဒေါ်လာ ၁၅၀ မှ ၂၀၀ အတွင်း (ခရီးစဉ်ပေါ် မူတည်၍)
- ဗီဇာလျှောက်ထားပြီးနှင့် ဗီဇာကျပြီး ရရှိပြီးမှ Cancel ပြုလုပ်လိုပါက - ခရီးစဉ်၏ ၅၀% ( ခရီးမထွက်ခင် နှစ်လအလို )

Inclusion

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မူများ
- ဟိုတယ်တွင် (၃) ညတာတည်းခိုခွင့်
- ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်/နေ့လည်/ညစာ များ
- ခရီးစဉ်တစ်လျှောက် အသုံးပြုမည့် အဲယားကွန်းကား Tour Coach with A/C
- ခရီးစဉ်တွင်ပါဝင်သော ၀င်ကြေးများ
- ခရီးစဉ်တစ်လျှောက် လိုက်ပါဝန်ဆောင်မှုပေးမည့် Tour Leader
- ရေသန့် / စနိုးတာဝါ များ

(၃ညအိပ်/၄ရက်) အန်ကောဝတ်-ဆီရမ်ရိ

543,150.00 K
Member Price
0.00 K
543150.0 MMK